သတိပြုစရာ မျောက်ကျောက်ရောဂါ

ရောဂါကူးစက်ချိန်ကို အချိန်ကာလာနှစ်ခု ပိုင်းခြားထားနိုင်ပါတယ်။ ပထမဆုံး (၅) ရက်အတွင်းမှာ-

ဖျားခြင်း၊

ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊

ပြန်ရည်အိတ် (lymph nodes) များ ရောင်ရမ်းခြင်း၊

ခါးနာခြင်း၊

ကြွက်သားများနာကျင်ကိုက်ခဲခြင်းနှင့် အားအင်ချိနဲ့ခြင်း စသည်တို့ ခံစားရနိုင်ပါတယ်။

ပြန်ရည်အိတ် (lymph nodes) များ ရောင်ရမ်းလာခြင်းက အခြားသော ရေကျောက်၊ ဝက်သက် စသည့် ရောဂါများနှင့်မတူ ကွဲပြားသည့်အချက် ဖြစ်ပါတယ်။ ဖျားပြီး (၁) ရက်ကနေ (၃) ရက်အတွင်းမှာ

အရေပြားပေါ်မှာ အဖုတွေ စတင်ပေါ်ပေါက်လာပါတယ်။

အနီစက်များဟာ ခန္ဓာကိုယ်ပေါ်ထက် မျက်နှာနှင့် ခြေလက်များပေါ်မှာ ပိုပေါက်လာပါတယ်။

အနီစက်များဟာ အရည်ကြည်များ၊ ပြည်များ ပါဝင်ပါတယ်။

အနာတွေက အရေအတွက် အနည်းငယ်ကနေ ထောင်ပေါင်းများစွာအထိ ဖြစ်နိုင်ပါတယ်။

  • အနာများဟာ တခုနှင့်တခုပေါင်းစပ်သွားပြီးနောက် အရေပြားတွေဟာ ကွာကျလာနိုင်ပါတယ်။

မျောက်ကျောက်ရောဂါဟာ ကိုယ်ခံအားကျဆင်းသူတွေမှာ ဆိုးရွားတဲ့ရလဒ်တွေ ဖြစ်လာနိုင်ပါတယ်။

မျောက်ကျောက်ရောဂါ နောက်ဆက်တွဲအနေဖြင့်

အဆုတ်ရောင်ရောဂါ၊

ပိုးဝင်ခြင်း၊

ဦးနှောက်ရောင်ရောဂါ၊

မျက်ကြည်လွှာပိုးဝင်ခြင်း စသည်တို့ ဖြစ်လာနိုင်ပါတယ်။

မျောက်ကျောက်ရောဂါခံစားနေရသူများက လက်၊ ခြေထောက်၊ ရင်ဘတ်၊ မျက်နှာ၊ ပါးစပ်၊ လိင်အင်္ဂါတဝိုက်၊ စအို စသည့်နေရာများတွင် အနီစက်များ ထွက်လာတတ်ပါတယ်။ ရောဂါပျိုးချိန်ကတော့ ၃ ရက်မှ ၁၇ ရက်အတွင်းဖြစ်ပြီး ထိုအချိန်ကာလများတွင် လူနာက လက္ခဏာမပြဘဲ ကောင်းမွန်နေတာလဲ ဖြစ်နိုင်ပါတယ်။